ကြံခင်းမြို့တွင် အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ်(၂/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့တွင် အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ်(၂/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP - ဇူလိုင်   ၃


သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီ းအသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း(၂/၂၀၂၂)ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတတ်ရေးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းစိုးဦးက အဖွင့်အမှာစကားပြောကြားပြီ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်က အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ခြင်းဖြင့် ကျေးလက် ဒေသတွင် အမျိုးသမီးငယ်များ၏ အလုပ်အကိုင်အခွင့်အရေးရရှိစေရန်နှင့် အမျိုးသမီးဘဝ ဖွံဖြိုးတိုးတတ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတတ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးက သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်ပြီးပြောကြားရာတွင် ကျေးလက်နေ မိသားစုဘဝများ အိမ်တွင်းမှုလုပ်ငန်းဖြင့် တစ်နိုင်တစ်ပိုင်ဝင်ငွေရရှိစေရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။


အဆိုပါသင်တန်းကို ဇူလိုင်လ(၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းဖွင့်ပွဲသို့ မြိုနယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး ဦးသန်းစိုးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး စက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)