ကြံခင်းမြို့နယ်တွင် ကိုင်ဆောင်လက်မှတ် ရှိ/ မရှိစစ်ဆေးခြင်းနှင့် မြေပြင်ရှိ အခြေခံမဲဆန္ဒ ရှင်စာရင်းမှန်ကန်စွာရရှိရေး ကွင်းဆင်းစစ်ဆေးကောက်ယူခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်တွင် ကိုင်ဆောင်လက်မှတ် ရှိ/ မရှိစစ်ဆေးခြင်းနှင့် မြေပြင်ရှိ အခြေခံမဲဆန္ဒ ရှင်စာရင်းမှန်ကန်စွာရရှိရေး ကွင်းဆင်းစစ်ဆေးကောက်ယူခြင်း ဆောင်ရွက်

 



MNP - ဇူလိုင်   ၃


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ ပူးပေါင်းပြီး ယမန်နေ့နံနက်ပိုင်းက ကိုင်ဆောင်သည့် လက်မှတ်ရှိ/ မရှိ စစ်ဆေးခြင်းနှင့် မြေပြင်ရှိ အခြေခံမဲဆန္ဒရှင် စာရင်းမှန်ကန်စွာ ရရှိစေရေးအတွက် မြို့မရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးကောက်ယူခြင်းကို ဆောင်ရွက်ကြသည်။


အဆိုပါစစ်ဆေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူး ဦးဝင်းထူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဒေါ်ဝင်းဝင်းမြင့်နှင့် ဝန်ထမ်းများက၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလတွင် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများ၊ အိမ်ထောင်စုလူဦးရေစာရင်း စစ်ဆေးခြင်းနှင့် မြေပြင်ရှိ အခြေခံမဲဆန္ဒရှင်စာရင်းမှန်ကန်စွာ ရရှိစေရန် ပူးပေါင်းကွင်းဆင်းကောက်ယူကြကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းကောက်ယူရာတွင် ကြံခင်းမြို့နယ် မြို့မရပ်ကွက်ရှိ အိမ်ထောင်စု(၈၀)စုမှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ကျန်ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ(၃၁ )ရက်နေ့ထိ အဖွဲ့များခွဲပြီး စစ်ဆေးကောက်ယူသွားမည်ဖြစ်ကြောင်း မြိုနယ်(လ. ဝ. က)ရုံးမှ တာဝန်ရှိသူထံက သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)