လေးမျက်နှာမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ ကောက်စိုက်စက်ဖြင့် စိုက်ပျိူးခြင်းကွင်းသရုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ ကောက်စိုက်စက်ဖြင့် စိုက်ပျိူးခြင်းကွင်းသရုပ်ပြပွဲကျင်းပ



MNP - ဇူလိုင်  ၃


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာ ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်အမှတ်(၂၆) တောင်သူဦးဌေးအောင်၏လယ်မြေတွင် ယနေ့နံနက်ပိုင်း၌ စိုက်ပျိူးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ၂၀၂၂ ခုနှစ် မိုးရာသီကောက်စိုက်စက်ဖြင့် စိုက်ပျိူးခြင်းကွင်းသရုပ်ပြပွဲ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဟင်္သာတခရိုင် စက်မှုလယ်ယာဦးစီးဌာန ဦးစီအရာရှိ ဦးစောအယ်ရွန်အယ်သော်သွီမှ တက်ရောက်လာသူများအား  မိုးရာသီကောက်စိုက်စက်ဖြင့် စိုက်ပျိူးခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိူးခြင်းအား ကြည့်ရှုအားပေးခဲ့ကြသည်။


 လေးမျက်နှာမြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးစပါး ရာသီတွင် မိုးစပါး(၅၂၆၄၂)ဧက လျာထားစိုက်ပျိူးလျက်ရှိပြီး မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနနှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ မိုးစပါးရာသီတွင် ကောက်စိုက်စက်ဖြင့် လယ်ဧကများစိုက်ပျိူးရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။


မိုးရာသီ ကောက်စိုက်စက်ဖြင့် စိုက်ပျိူးခြင်းကွင်းသရုပ်ပြပွဲသို့ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းဆိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲရင့်နောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေနှင့်ဝန်ထမ်းများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအတွင်းရှိ စိတ်ပါဝင်စားသူ တောင်သူများ တက်ရောက်ခဲ့ကြသည်။


သတင်း - ကျော်ဟိန်း



မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)