မြဝတီမြို့၌ ခရိုင်အုပ်ချုပ်ရေးမှူးဖလား အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြဝတီမြို့၌ ခရိုင်အုပ်ချုပ်ရေးမှူးဖလား အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ



MNP - ဇူလိုင်  ၂၄


ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မြို့မဘောလုံးကွင်း၌ ခရိုင်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်ကျေးရွာပေါင်းစုံ အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများမှ ကွင်းအတွင်းသို့နေရာယူပြီး နိုင်ငံတော်သီချင်းသီဆို၍ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ မြဝတီခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄) ချက်အား ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်သည်။


ထို့နောက် မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးသည်။


ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူလေးများမှ Fitness Dance နှင့် ကရာတေးဒို သရုပ်ပြ ဖျော်ဖြေကြပြီး ပြိုင်ပွဲကို ရပ်ကွက်နှင့်ကျေးရွာ ပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်းစုစုပေါင်း ၁၀ သင်း ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


ယခုပြိုင်ပွဲကို မြဝတီမြို့နယ်အတွင်းရှိ လူရွယ်၊ လူငယ်များ ဘောလုံးအဆင့်အတန်း တိုးတက်မြင့်မား လာစေရန်၊ သက်တမ်းအလိုက် ထူးချွန်ထက်မြက်သော ကစားသမားများ ပေါ်ထွက်လာစေရန်နှင့် ပြည်နယ် ဝန်ကြီးချုပ်ဖလား အသက် (၁၆) နှစ်အောက် မြို့နယ်ပေါင်းစုံဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရစေရန် ရည်ရွယ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း မြဝတီခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးအောင်ကိုကိုထံမှ သိရသည်။


သတင်း - ထိန်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)