ဗန်းမော်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် အားကစားနည်းများသရုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗန်းမော်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် အားကစားနည်းများသရုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်



MNP - ဇူလိုင်  ၂၄


ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဗန်းမော်မြို့နယ်ဦးစီးမှူးရုံးနှင့် အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် အားကစားနည်းများသရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ဗန်းမော်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းခွဲရှိ ကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဗန်းမော်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ ဆရာမကြီးဒေါ်ဝါဝါတင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုမိုးက "လူငယ်နှင့်ရည်မှန်းချက်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဗန်းမော်မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းတင်က "လူငယ်နှင့်ခေါင်းဆောင်မှု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဗန်းမော်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အားကစားမှူး ဦးသက်ပိုင်ထွန်းက "လူငယ်နှင့် ခေါင်းဆောင်မှုစွမ်းရည်" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေး ဟောပြော ခဲ့ကြကာ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခွဲမှ ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၁၅၈) ဦး တက်ရောက်ခဲ့ကြသည်။


ယင်းနောက် တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများ အားကစားဆိုင်ရာ အသိပညာ ဗဟုသုတရရှိစေရန် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဗန်းမော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အားကစားဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ လက်ဝှေ့အားကစားနည်းသရုပ်ပြခြင်း၊ Physical Fitness Dance အကဖြင့် သရုပ်ပြခြင်းနှင့် တိုက်ကွမ်ဒိုအားကစားနည်းတို့ကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)