MNP ၊ ဇူလိုင် ၂၃
ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့၌ ယာဉ်မတော်တဆမှု လျော့နည်းစေရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင် သွားလာနိုင်စေရေးအတွက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ရန်ကုန်- စစ်တွေ လမ်းအပိုင်း အမ်းမြို့နယ် အောက်ရွာကျေးရွာ လမ်းဆုံနေရာတွင် ယနေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအသိပညာပေးခြင်းနှင့် လက်ကမ်းစာ စောင်များဖြန်ဝေခြင်းကို အမ်းမြို့ ယာဉ်ထိန်းရဲ တပ်ဖွဲ့ (စိတ်)မှ တပ်ဖွဲ့စိတ်မှူး ဒုရဲအုပ် မျိုးသီဟ ဦးစီးသောတပ်ဖွဲ့ဝင် ( ၅)ဦးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူးဇော်လင်းထွန်း ဦးစီး သောတပ်ဖွဲ့ဝင်( ၄)ဦးတို့ဖြင့် အောက်ရွာကျေးရွာလမ်းဆုံ ၌ဖြတ်သန်းမောင်းနှင် သွားလာလျက်ရှိ သောမော် တော်ယာဉ်များ၊ဆိုင်ကယ်များအား တားဆီစစ်ဆေး၍ ယာဉ်မောင်းနှင့်ယာဉ် ပေါ် ပါ ပြည်သူများ အား ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟော ပြောခြင်း၊လက်ကမ်းစာစောင်များ(အခမဲ့) ဖြန့်ဝေပေး၍ အသိ ပညာပေးခြင်းများကိုဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
သတင်း - စိုးမင်းထွန်း
https://t.me/MyanmarNationalPost



No comments:
Post a Comment