မွတ်စလင်များက ၎င်းတို့ အီးဒ်နေ့တွင် သတ်မည့်နွားကို မြန်မာဘုရင် နာမည်တပ်၍ စော်ကားမှုအပေါ် ဝေဖန်မှုများမြင့်တက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွတ်စလင်များက ၎င်းတို့ အီးဒ်နေ့တွင် သတ်မည့်နွားကို မြန်မာဘုရင် နာမည်တပ်၍ စော်ကားမှုအပေါ် ဝေဖန်မှုများမြင့်တက်




MNP ၊ ဇူလိုင် ၁၂

မွတ်စလင်များက ၎င်းတို့ ဘာသာရေးအထိမ်းအမှတ် နွားများကို သတ်ဖြတ် ယစ်ပူဇော်သည့် အီးဒ်နေ့တွင် သတ်မည့်နွားကို ပုဂံပြည်တွင် ထင်ရှားသည့် ဘုရင် ထီးလှိုင်ရှင် အမည်တပ်၍ စော်ကားခဲ့ခြင်းအပေါ် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

မွတ်စလင်များသည် သတ်ဖြတ်မည့် နွားကို ထီးလှိုင်ရှင်ဟု အမည်တပ်ထားပြီး ၎င်းတို့၏ facebook လူမှုကွန်ရက် စာမျက်နှာမှ "ထီးလှိုင်ရှင် ဆိုသည့် အလွန်လှပသည့် ကုရ်ဘာနီသားကောင်ကို အောင်မြင်စွာ မွေးမြူနိုင်ခဲ့ပြီး အရှင့်ထံ ပြန်လည်ပို့ဆောင်ခွင့် ရရှိခဲ့တဲ့အတွက်" ဟု ရေးသားဖြန့်ဝေထားခြင်း ဖြစ်သည်။

မွတ်စလင်များသည် ဗုဒ္ဓဘာသာနှင့် မြန်မာလူမျိုးများအပေါ် ရည်ရွယ်ချက်ရှိရှိစော်ကားနေသည့်အပေါ် အမျိုးသားလှုပ်ရှားသူတစ်ဦးက "မွတ်စလင်တွေ အစွန်းရောက်သလား၊ မရောက်သလား အဲဒါပဲ ကြည့်ပေါ့ဗျာ။ ဒါဟာ သူတို့ရဲ့ ဘာသာရေးခေါင်းဆောင်တွေကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိ မြန်မာဘုရင်တစ်ပါးနာမည်တပ်ပြီး မွေးထားတယ်ဆိုကတည်းက ဘယ်လောက်အထိ ယုတ်မာသလဲ။ လူ့အသိဉာဏ်မှ ရှိသေးရဲ့လားလို့ မေးခွန်းထုတ်ရပါမယ်။ ဒီလို ရည်ရွယ်ချက်ရှိရှိ စော်ကားတာကိုလည်း သက်ဆိုင်ရာအနေနဲ့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ရပါမယ်။ သူတို့ရဲ့ အီးဒ်နေ့မှာ သတ်ဖြတ်ခွင့်ပြုတဲ့ နွားတွေနဲ့ ပတ်သက်လို့ စည်းကမ်းသတ်မှတ်ချက်တွေ ရှိတယ်။ မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ အတွက် ကျန်းမာသန်စွမ်းတဲ့ နွားတွေကို သတ်လို့မရဘူး။ အရွယ်သတ်မှတ်ချက်လည်း ရှိတယ်။ ဒါတွေကို သက်ဆိုင်ရာတွေက စနစ်တကျ မစစ်ဆေးပါဘူး။ စစ်ဆေးလည်း ငွေပေးတာယူပြီး ဥပဒေနဲ့အညီ လုပ်ဆောင်ခြင်း မရှိတဲ့အခါကြတော့ မွတ်စလင်တွေက လူပါးဝချင်တိုင်းဝနေတာပါ။ အာဏာပိုင်အဖွဲ့အစည်းကိုဆိုရင်လည်း ငွေပေးရင် ကျေအေးတဲ့ အဖွဲ့အစည်းလို့ သတ်မှတ်ပြီး ဥပဒေမဲ့အလုပ်တွေ လုပ်နေကြတာပါ။ တကယ်တန်း ပြောရရင် သားသတ်ပြီး ယစ်ပူဇော်တယ်ဆိုတာ လူ့အသိဉာဏ် ဆင်ခြင်တုံတရား မရှိတဲ့ ခေတ်ကာလမှ လုပ်ခဲ့တဲ့ အလုပ်တွေ။ ဒါတွေကို ယနေ့အချိန်အထိ ယဉ်ကျေးတဲ့လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နေပါတယ်လို့ ပြောပြီး သားသတ်ယစ်ပူဇော်တာကို ခွင့်ပြုထားတယ်ဆိုကတည်းက မှားယွင်းနေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီကိစ္စကို သက်ဆိုင်ရာ အနေနဲ့ အမြန်ဆုံး ဖော်ထုတ် အရေးယူသင့်ပါတယ်။" ဟု သုံးသပ်ပြောဆိုသည်။

မွတ်စလင်ကုလားများ ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ထီးလှိုင်ရှင်ဟု အမည်ပေးထားသောသားကောင် ဆိုသည့် အချက်အလက်ကို facebook page (K.H.W Cow Farm) မှ ဖော်ပြခဲ့ပြီး ပြဿနာ ပေါ်ပေါက်လာပြီးနောက် ဖျက်ချသွားခဲ့ကြောင်း သိရသည်။

ပုဂံအမွေအနှစ်ထိန်းသိမ်းရေး တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေသူတစ်ဦးက " မြန်မာတစ်မျိုးသားလုံးရဲ့ပုဂံ၊ အဲ့ဒီပုဂံကိုထီးနန်းစိုးစံမင်းလုပ်အုပ်ချုပ်တဲ့ သာသနာပြု မင်းကောင်းမင်းမြတ် ကျန်စစ်သားမင်း ထီးလှိုင်ရှင် ရဲ့အမည်ကို သူတို့သတ်မယ့်နွားကိုအမည်ပေးထားတယ်။ ဒါဟာ မြန်မာတစ်မျိုးသားလုံးကို စော်ကားလိုက်ခြင်းဖြစ်ပါတယ်။" ဟု ဝေဖန်ထောက်ပြထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)