ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ရွှေသောင်ယံမြို့အဏ္ဏဝါသိပ္ပံကျောင်းဝန်းအတွင်းအုန်းပင်စိုက်ပျိုးပွဲနှင့်တွေ့ဆုံပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ရွှေသောင်ယံမြို့အဏ္ဏဝါသိပ္ပံကျောင်းဝန်းအတွင်းအုန်းပင်စိုက်ပျိုးပွဲနှင့်တွေ့ဆုံပွဲပြုလုပ်






MNP - ဇူလိုင် ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက်ရှိအဏ္ဏဝါ သိပ္ပံကျောင်းဝန်းအတွင်း၌ ယမန်နေ့‌မွန်းလွဲ ၁ နာရီခွဲအချိန်က ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်‌မောင်ဝင်းနှင့် အဖွဲ့လာရောက်၍ အဏ္ဏဝါသိပ္ပံ လေ့လာရေးကျောင်းအတွင်း၌ တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်း၊ ဌာနဆိုင်ရာများနှင့်ဒေသထွက်နှစ်ရှည်အုန်းပျိုးပင်များ စိုက်ပျိုးခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။


အဆိုပါတွေ့ဆုံပွဲတွင်ပုသိမ်တက္ကသိုလ် ဌာနစိတ်အသီးသီးရှိ ပါမောက္ခများမှရွှေသောင်ယံမှ ထွက်ရှိသည့်ပင်လယ်ထွက်ပစ္စည်းများမှလူ သုံးကုန်ပစ္စည်းထုတ်လုပ်မှုများအကြောင်း၊ ပင်လယ်ထွက်စားသောက်ကုန်များအပေါ် သုတေသနပြုလုပ်ချက်များ၊ ဒီရေတောရှိလမုပင်များမှဆေးဝါး ထုတ်လုပ်နိုင်ရန်သုတေသနပြုလုပ်ချက်များအကြောင်း၊ စား‌သောက်ဖွယ်ရာပင်လယ်ထွက်‌ ရေသတ္တဝါများအ‌ကြောင်း စသည်ဖြင့်ရွှေသောင်ယံမြို့ အဏ္ဏဝါသိပ္ပံသုတေသနစခန်းမှ သုတေသနပြုလုပ်ချက်များကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြသည်။


ထိုသို့တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူအဏ္ဏဝါ သိပ္ပံကျောင်းမှတာဝန်ရှိသူများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)