တောင်ကြီးမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော





MNP - ဇူလိုင်   ၁၄


၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။


အသိပညာပေးဟောပြောပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိညာပေးဟောပြောပွဲကို ကျင်းပနိုင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေးနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ရန် အစည်းအဝေးတွင် ဆုံးဖြတ်ကာ ကျောင်းများတွင် အသိပညာပေး ဟောပြောပွဲကျင်းပသွားမည်ဖြစ်ကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောရခြင်းမှာ မြန်မာနိုင်ငံတွင် အသက်မသေသင့်သူများ အသက်ဆုံးရှူံးရသည်ကို အများဆုံးတွေ့ရပါကြောင်း၊ အထူးပြောလိုသည်မှာ အရွယ်မရောက်သေးသည့် ကျောင်းသား၊ ကျောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာကြသည့်အတွက် အသက်ဆုံးရှုံးရသည်မှာ မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရပါကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောသော်လည်း မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသူများ မော်တော်ဆိုင်ကယ်စီးနင်းခြင်း၊ မော်တော်ကားမောင်းနှင်မှုများတွင် စည်းကမ်းလိုက်နာခြင်းမရှိသည်ကို တွေ့ရပါကြောင်း၊ အသက်(၁၈)နှစ်ပြည်မှသာ ယာဉ်မောင်းလိုင်စင်ထုတ်ပေးရမည်ဖြစ်ကြောင်း၊ မိဘများကလည်း သားသမီးများကို မထိန်းချုပ်နိုင်သောကြောင့် သားမီးများကို မော်တော်ဆိုင်ကယ်၊ မော်တော်ကားများကို မောင်းခိုင်းသဖြင့် ကလေးများမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ အသိပညာမရှိကြကြောင်း၊ မိမိတို့အနေဖြင့်အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ပါကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာရန်အတွက် စည်းကမ်းအစ၊ စာသင်ကျောင်းက ဆိုရိုးရှိသလို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအပြင် ကျန်သည့်စည်းကမ်းများကို လိုက်နာရန် စာသင်ကျောင်းများသာဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ရှမ်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်မောင်းစစ်ဆေးရေးမှူး ဦးအောင်ဇင်ဝင်းမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ယာဉ်မောင်းလိုင်စင်အမျိုးအစားများအကြောင်း၊ အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တောင်ကြီး) ခေတ္တတပ်ဖွဲ့စုမှူး ရဲအုပ်ကျော်မင်းထွေးမှ ယာဉ်မတော်တဆဖြစ်ပွားမှုများတွင် အမှား/အမှန်ခွဲခြားခြင်းအား ရှင်းလင်းခြင်းနှင့် တပ်ဖွဲ့ဝင်များမှ ယာဉ်ထိန်းရဲ လက်အချက်ပြမှုအား သရုပ်ပြခြင်း၊ အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရှမ်း-တောင်) ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမိုးကျော်မှ ယာဉ်မတော်တဆမှုများကြောင့် ဖြစ်ပေါ်ရသည့် လူမှုဒုက္ခများအကြောင်း ရှင်းလင်းဟောပြောကြကြောင်း သိရှိရသည်။


သတင်း - မောင်မောင်သန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)