နေပြည်တော်ကောင်စီအဖွဲ့ ဝင်ဦးမြင့်စိုး လယ်ဝေးခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ ဝင်ဦးမြင့်စိုး လယ်ဝေးခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံဆွေးနွေး



MNP - ဇူလိုင်  ၁၃


နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ(၁)နာရီက ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လယ်ဝေးခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လယ်ဝေးခရိုင်အတွင်း စိုက်ပျိုးရေးမွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးရေးတွေ့ဆုံဆွေးနွေးခဲ့သည်။


ရှေးဦးစွာနေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးက မိတ်ဆက်စကားပြောကြား၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ခရိုင်နှင့်မြို့နယ်များအား Green City ၊ Clean City ၊ Smart City အဖြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ လယ်ဝေး ခရိုင်သည် ယခုအသစ်တိုးချဲ့ဖွဲ့စည်းသည့် ခရိုင်ဖြစ်သော်လည်း ယခင်ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း စိုက်ပျိုးရေး မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထုတ်ကုန်တိုးတက်ရေး စိုက်ပျိုးရေးသာမက မွေးမြူရေးလုပ်ငန်းများကို မိသားစု တစ်ပိုင်တစ်နိုင်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် မိသားစု လူမှုဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ကျေးလက်နှင့်မြို့ပြကွာဟမှု မရှိစေရေးအတွက် အိမ်ထောင်စုတိုင်းဖွံ့ဖြိုးတိုးတက်စေရေး ကဏ္ဍစုံမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားသည်။


ဆက်လက်၍ လယ်ဝေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းကိုက မိတ်ဆက်ဆွေးနွေး၍ လယ်ဝေးခရိုင် အတွင်းရှိခရိုင်အဆင့် ဌာနဆိုင်ရာများက တစ်ဦးချင်းမိတ်ဆက်၍ ဌာနအလိုက်ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။


ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် နွေရာသီတွင် နေကြာ၊ အစေ့ထုတ် ပြောင်းနှင့် နှံစားပြောင်းများ သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် ယခုကတည်းက အစီအမံများရေး ဆွဲတင်ပြ၍ ကြိုတင်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် ကျန်းမာရေးအသိ လုံခြုံရေးအသိတို့ဖြင့် ဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)