မိုင်းခုတ်မြို့၊ အမှတ်(၃၈၇)အမြောက်တပ်ရင်း၌ ဝါဆိုမြတ်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့၊ အမှတ်(၃၈၇)အမြောက်တပ်ရင်း၌ ဝါဆိုမြတ်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

 



MNP - ဇူလိုင်   ၁၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အမှတ်(၃၈၇) အမြောက်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သိန်းဇော်မိုးနှင့်ဇနီးတို့မှကြီးမှူး၍ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်မိသားစုများမှ သံဃာတော်အရှင်သူမြတ်တို့အား မြတ်သောကာလဒါနဖြစ်သည့် ဝါဆိုမြတ်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၆ နာရီခွဲက အဆိုပါတပ်ရင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များအား စေတနာရှင်၊ အလှူရှင်များနှင့် ဧည့်ပရိသတ်အပေါင်းက ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ပြီး တပ်ဦးကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒာဝရထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။


ဆက်လက်၍ ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သိန်းဇော်မိုးနှင့် အလှူရှင်အပေါင်းက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။


ယင်းနောက် ဆရာတော် ဘဒ္ဒန္တစန္ဒာဝရက ''ကံလေးပါး'' တရားတော် မွတ်ကြားချီးမြှင့်တော်မူသည်။ ထို့နောက် စေတနာရှင်၊ အလှူရှင်များနှင့် ဧည့်ပရိသတ် အပေါင်းက ဆရာတော်ထံမှ ရေစက်ချအနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး သံဃာတော် အရှင်သူမြတ်များအား ဆွမ်းနှင့်အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


သတင်း - ယဉ်ယဉ်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)