MNP - ဇူလိုင် ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် မြို့အတွင်း မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်သာယာလှပရေး၊ ကုန်စည်စီးဆင်းမှုနှင့် ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် လမ်းခင်းခြင်း၊ အုတ်စီရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းတို့ကိုဆောင်ရွက်လျက်ရှိရာ လှိုင်းဘွဲမြို့ပေါ် (ခ) ရပ်ကွက်နှင့် (ဃ) ရက်ကွက်အတွင်း ဆက်သွယ်ထားသောအာဇာနည်လမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၅၄.၅) သန်းဖြင့် ကွန်ကရစ်လမ်းအရှည် (၁၁၁၀) ပေ၊ အကျယ် (၁၈) ပေ၊ အထူ (၆) လက်မအား ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းကို ဇွန်လပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်၍ ပြည်သူများ စီးပွားရေး လုပ်ငန်းများနှင့် သွားလာရေးလုပ်ငန်းများကို များစွာအကျိုးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း - စောဒိ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment