အဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်ပြီး မျိုးသန့်ပွားမျိုးစေ့ (RS)မိုးစပါးစတင်စိုက်ပျိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

အဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်ပြီး မျိုးသန့်ပွားမျိုးစေ့ (RS)မိုးစပါးစတင်စိုက်ပျိုး



MNP -  ဇူလိုင်   ၁၁


ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်မှုကို သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၃)၊ ဦးပိုင်အမှတ်(၈)တောင်သူ ဦးလုံးစိုင်းမောင်၏ လယ်မြေ၌ ယနေ့နံနက်ပိုင်းက ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်ပြီး မျိုးစေ့အဆင့် မျိုးသန့်ပွား မျိုးစေ့(RS) မှော်ဘီကောက်ညှင်းမွေး မိုးစပါးစတင်စိုက်ပျိုးကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်နှင့်ဝန်ထမ်းများက တောင်သူများအား အသိပညာပေး ကွင်းဆင်းဆောင်ရွက်ရာတွင် သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးနိုင်ရေးနှင့် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်ပြီး စနစ်များအား မျိုးသန့်ပွားမျိုးစေ့(RS) မိုးစပါးစိုက်ပျိုးမှုအတွက် မှော်ဘီကောက်ညှင်းမွေး၁.၅၀ဧကကို လက်တွေ့သရုပ်ပြစိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သတင်း - စိုင်းမျိုးသန့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)