MNP ၊ ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်တောင်ပိုင်းမြိုနယ်တွင် လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေးအဖွဲသည် ဇူလိုင်လ ၂၄ ရက် နံနက် (၃ ၃၀) နာရီ အချိန်တွင် လှော်ကားလမ်းပေါ်တွင် မသင်္ကာဖွယ်တွေ့ရသော ဆိုင်ကယ်တစ်စီးနှင့် လူနှစ်ဦးကိုဖမ်းဆီးစစ်ဆေးရာမှ ပစ္စတိုသေနတ်လေးလက်နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိကြောင်းသိရသည်။
ဖမ်းဆီးရမိသူနှစ်ဦးမှာ ဒဂုံမြိုသစ်ဆိပ်ကမ်းမြိုနယ်မှဖြစ်ပြီး စစ်ဆေးချိန်တွင် NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် CRPH, NUG, PDFအကြမ်းဖက်အဖွဲအစည်းများနှင့် ဆက်နွယ်သည့် အထောက်အထားများတွေ့ရှိသဖြင့် ၎င်းတို့၏နေအိမ်များကိုရှာဖွေရာ Glock ပစ္စတိုသုံးလက်နှင့် ကျည်အိမ်များ၊ Colt ပစ္စတိုတစ်လက်နှင့် ကျည်အိမ်၊ ဆားကစ်ပြားတွဲထားသည့် ကီးပက်ဖုန်းသုံးလုံးတို့ကို သိမ်းဆည်းရမိကြောင်းသိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment