မလှိုင်မြို့၊ သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၊ အာရုဏ်ခံတန်းဆောင်းတွင် ဝါတွင်းကာလ ပထမအပတ် ဆွမ်း၊ ဆွမ်းဟင်းများ လောင်းလှူ - Myanmar National Post

Myanmar National Post

News Agency

Breaking

မလှိုင်မြို့၊ သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၊ အာရုဏ်ခံတန်းဆောင်းတွင် ဝါတွင်းကာလ ပထမအပတ် ဆွမ်း၊ ဆွမ်းဟင်းများ လောင်းလှူ

 


MNP - ဇူလိုင်   ၁၂


မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး အာရုဏ်ခံတန်းဆောင်းတွင် ဝါတွင်းကာလ ပထမအပတ် သံဃာတော်အရှင်သူမြတ်တို့အား ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် ဆွမ်း၊ ဆွမ်းဟင်းများ လောင်းလှူခဲ့ကြောင်း သိရသည်။


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ စေတီတော်ဂေါပကအဖွဲ့၊ ဒေသခံစေတနာရှင် အလှူရှင်များစုပေါင်း၍ မလှိုင်မြို့နယ်အတွင်း သီတင်းသုံးတော်မူကြသော ဘုန်းတော်ကြီးကျောင်းတိုက် (၃၀)ကျောင်းရှိ ဆရာတော် သံဃာတော်အရှင်သူမြတ် (၃၆၇)ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊ အဖွဲ့ဝင်များဖြစ်ကြသော  ဗိုလ်မှူးဌေးသန်း၊ ဦးအောင်ကျော်သူ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဒေသခံပြည်သူ စုစုပေါင်း (၁၀၈)ဦးတို့မှ ဆွမ်းနှင့် ဆွမ်းဟင်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက်လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားကိုလေးမျက်နှာကျောင်းတိုက် ဆရာ တော်ဘဒ္ဒန္တကုမာရထံမှရှစ်ပါးသီလခံ ယူဆောက်တည်ခဲ့ကြပြီး အမျှအတန်းများပေးဝေခဲ့ကြသည်။ ဝါတွင်းကာလအတွင်းဆွမ်း၊ ဆွမ်းဟင်းများ ဆက်လက် လှူဒါန်းသွားမည်ဖြစ်ပါကြောင်း သိရသည်။


သတင်း - အောင်ဌေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)