ကမမောင်းမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်စက်ပြင် သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမမောင်းမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်စက်ပြင် သင်တန်းဖွင့်လှစ်



MNP - ဇူလိုင်   ၃


ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုး၍ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေးအတွက် ဖာပွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုဆိုင်ကယ်စက်ပြင်သင်တန်းကို ဇူလိုင်လ ၁ ရက်နေ့မှစ၍ ကမမောင်းမြို့၊ ကိုးနဝင်းဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါသင်တန်းကို ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၂၀ ဦး တက်ရောက်လျက်ရှိပြီး ပြင်ပနယ်ပယ်တွင်ကျွမ်းကျင်သင်တန်းနည်းပြဆရာများမှ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ ယမန်နေ့နံနက်ပိုင်းက ဖာပွန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ)ဦးခင်မောင်ဝင်းနှင့် ဖာပွန်မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသ တင်းရသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)