နမ့်တဘက်ချောင်းအတွင်း ငါးကောင်ရေ တစ်သိန်းခွဲစိုက်ထည့်ခြင်းနှင့် ဇာပြာပိုက်လှောင်အိမ် အလုံး၂၀ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်တဘက်ချောင်းအတွင်း ငါးကောင်ရေ တစ်သိန်းခွဲစိုက်ထည့်ခြင်းနှင့် ဇာပြာပိုက်လှောင်အိမ် အလုံး၂၀ ပေးအပ်

 


MNP - ဇူလိုင်  ၉


ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးရိက္ခာဖူလုံစေရန်၊ လူတစ်ဦးချင်းငါးစားသုံးမှု မြင့်မားလာစေရန်၊ ဒေသတွင်း ငါးသယံဇာတပေါကြွယ်ဝစေရန်၊ တိုင်းရင်းငါးမျိုးများ ပြုန်းတီးခြင်းမှ ကာကွယ်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ဇူလိုင်လ ၈ ရက် မွန်းလွဲ ၃ နာရီက  ဟန်လွဲကျေးရွာဘုန်းတော်ကြီး ကျောင်းအနီးရှိ နမ့်တဘက်ချောင်း၌  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်သည့် ဒုတိယဗိုလ်မှူးကြီး ညီညီတင်နှင့် ဦးခွန်လှသိန်း၊ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသော်ထွန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံရှမ်းတိုင်းရင်းသားများတို့က ငါးဖိန်း (၅၀၀၀၀)၊ ငါးမျစ်ချင်း (၅၀၀၀၀)၊ ငါးခုံးမ (၅၀၀၀၀) စုစုပေါင်းငါးသားပေါက် ကောင်ရေ (၁၅၀၀၀၀)၊ တန်ဖိုး(၇၅၀၀၀၀ဝိ/-)ခန့် စိုက်ထည့်ခဲ့ကြောင်း သိရသည်။


ယင်းနောက် တာဝန်ရှိသူများတို့သည် ဟန်လွဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလျား ၁၀ ပေ အနံ ၁၀ ပေ၊ အမြင့် ၆ ပေရှိဇာပြာပိုက်လှောင်အိမ် အလုံး၂၀ ပေးအပ်ခဲ့ကြောင်း သိရသည်။


သတင်း - ထက်ထက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)