အခြေခံပညာအထက်တန်းကျောင်းဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက်သန့်ရှင်းရေး စုပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာအထက်တန်းကျောင်းဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက်သန့်ရှင်းရေး စုပေါင်းဆောင်ရွက်





MNP ? ဇူလိုင် ၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့၌ အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီ အချိန်တွင် အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်းဝန်းကျင်သန့်ရှင်းသာယာ လှပရေးအတွက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းခြံဝင်းအတွင်းရှိ ခြုံနွယ်များခုတ်ထွင် ရှင်းလင်းခြင်း ၊ အမှိုက်ကောက်ခြင်းနှင့်ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းအတွင်းရှိအမှိုက်များရှင်းလင်းခြင်းများ ကို ဆောင်ရွက်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာသို့  ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ တောင်ကုတ်တပ်နယ်မှ အရာရှိ၊စစ်သည် နှင့် အိမ်ထောင်သည်ရဲမေများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ ဝင်များနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လူထုလှုပ်ရှားမှုတစ်ရပ်အဖြစ်စုပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)