MNP ၊ ဇူလိုင် ၉
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊မောင်တောမြို့၌ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် အဆိုပါ ရုံးတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်သံဃာတော်များ၊ ခရိုင်ပညာရေးမှူး ဒေါက် တာ မြင့်မြင့်စန်း ၊ မြို့နယ်ပညာရေးမှူး ဦးအောင်စံကျော် နှင့် ဝန်ထမ်းများ ၊ ဆရာကြီး ၊ဆရာမကြီးများ ဧည့်ပရိတ်သတ် များ က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး မြို့ဦးကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောင် တည် ကြ သည်။ ဆက်လက်၍ ဆရာတော် သံဃာ တော် အရှင်သူမြတ်များက မေတ္တသုတ် အစရှိသော ပရိတ်တရားတော် များ ရွတ် ပွား ချီး မြှင့် တော် မူကြပြီး ခရိုင်ပညာရေးမှူး ၊ မြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများက ဆရာတော် သံဃာ တော် အရှင် သူမြတ်များအား ဝါဆိုသင်္ကန်း ၊ နဝကမ္မ နှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် မြို့မပရိယ တ္တိ စာသင်တိုက် စာချဆရာတော်ထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှု အစုစုအတွက် ရေစက် သွန်းချ အမျှပေး ဝေခဲ့ကြ သည်။ယင်းနောက် အခမ်းအနားကို ဗုဒ္ဓသာ သနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်း ကြပြီး ရတနာ ရွှေမိုး ၊ငွေမိုးများ ရွာသွန်းဖြိုးခဲ့သည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost





No comments:
Post a Comment