အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)၊ မိုးရာသီ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ကျောက်ဖြူမြို့၌ ပြုလုပ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)၊ မိုးရာသီ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ကျောက်ဖြူမြို့၌ ပြုလုပ်ကျင်းပ








MNP ၊ ဇူလိုင်  ၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)ကျောင်း၏ မိုးရာသီ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီး၌ ကျင်းပပြုလုပ်သည်။ 

ပြိုင်ပွဲတွင် စစ်ကြောင်းမှူးမှဦးဆောင်၍ ဆိုင်းဘုတ်ကိုင်များ၊ အလံကိုင်များနှင့် ပြိုင်ပွဲဝင်ကစား  သမားတို့က ကွင်းအတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဒုတိယကျောင်းအုပ်ကြီးမှ ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ် သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင် ဦးတင်ရွှေက ပြိုင်ပွဲဝင်အားကစားသမား များကို ဆုံးမဩဝါဒစကား ပြောကြားခဲ့သည်။ ယင်းနောက် စစ်ကြောင်းမှူးမှဦးဆောင်ကာ ပြိုင်ပွဲဝင်က စားသမားတို့မှ အားကစားအဓိဌာန်များရွတ်ဆိုကြပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)ကျောင်းမှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့မှ ပြိုင်ပွဲအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။  

ဆက်လက်၍ မိုးရာသီမေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲ ပထမနေ့ပွဲစဉ်အား ကျင်းပပြုလုပ်ရာ IT(A) အသင်းနှင့် EP(B)အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြခဲ့ကြပြီး  IT(A)အသင်းမှ EP(B) အသင်း ကို တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိသွားကြောင်း သိရသည်။ 

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ)၊ မေဂျာပေါင်းစုံမှ ပြိုင်ပွဲဝင် အသင်း(၇)သင်းပါဝင်ကြပြီး အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ပြိုင်ပွဲကာလမှာ ဇူလိုင် လ(၈)ရက်နေ့မှ (၂၂) ရက်နေ့အထိ (၁၅)ရက်ကြာမြင့်မည်ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် အသင်းများအားဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)