MNP ၊ ဇူလိုင် ၉
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် အပါတ်စဉ် စနေနေ့တိုင်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက ရမ်းဗြဲမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ ဒက္ခိဏာရာမဝိဟာရ (တောင်ကျောင်း)ပရိယတ္တိစာသင်တိုက် ၌ ဖွင့်လှစ်ထားသော စန္ဒမာလာလင်္ကာရ ဘုန်းတော်ကြီးပညာသင်ကျောင်းသန့်ရှင်းရေးကို စုပေါင်းဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် အထွေထွအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများများ၊ တပ်မတော်သားများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းအင်အား (၉၀ )ဦးဖြင့် စုပေါင်းဆောင်ရွက်ပေးကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့တို့သည် ကျောင်းခြံဝင်းတွင်းရှိ အမှိုက်များကောက်ခြင်း ခြုံ၊ နွယ် ၊ပေါင်း ၊မြက်များကိုခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ကြသည်။ ၎င်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှု ကြီးကြပ်ဆောင်ရွက်ပေးကြကြောင်းသိရသည်။
သတင်း - အောင်နိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment