MNP ၊ ဇူလိုင် ၉
ကျိုက်ထိုမြိုနယ်တွင် ပြည်နယ်ပြည့်သူ့ကျန်းမားရေးဉီးစီးဌာန၏ ဦးဆောင်မှုဖြင့် မရှိ၍မလင်းသူမရှိစေရအစီအစဉ် ဖြင့် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံတွင်ဇူလိုင်(၈)ရက် နံနက်(၉)နာရီမှစတင်ကာ မျက်စိဝေဒ နာရှင်များကိုအခမဲ့စစ်ဆေးပေးခဲ့သည်။
ယင်းသို့စစ်ဆေးမှုအား မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ မရှိ၍ မလင်းသူမရှိစေရ ဆောင်ပုဒ် နှင့်အညီ Good Vision Glasses ရွှေမျက်မှန်ပရဟိတအသင်းတို့ပူးပေါင်းပြီး အခမဲ့မျက်စိပါဝါစမ်းသပ်ပေးကာ One Dollar Glasses မျက်မှန်များအား မိုးရာသီလှူဒါန်းမှုအဖြစ် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါမျက်စိအခမဲ့ စမ်းသပ်ပေးမှုအား အားဇူလိုင်(၈)ရက်နေ့ စစ်ဆေးပေးရာ မျက်စိစစ်ဆေးမှုအခြေအနေ လာရောက် စစ်ဆေးသူ(၂၁၈)ဦးရှိပြီး မျက်မှန်တပ်ဆင် ရသူ(၂၁၆)ဦးရှိသည့်အပြင် အတွင်းတိမ် (၁၆) ဦး၊ ရေတိမ်(၁)ဦးအားစစ်ဆေးတွေ့ရှိရ၍ အတွင်းတိမ်နှင့် ရေတိမ်ရောဂါရှိသူများကို အခမဲ့ ခွဲစိတ်ကုသပေးရန်အတွက်ဆက် လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment