MNP ၊ ဇူလိုင် ၉
ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် အတွင်းရှိဖေါက်လုပ်ထားသည့် မြို့ရှောင်လမ်း (အမြန်လမ်းမကြီး) လမ်းဘေးဝဲ/ယာ စိမ်းလမ်းစိုပြေရေးအတွက်အရိပ်ရသစ်ပင်များအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ စီစဉ်ကြီးကြပ်မှုဖြင့် အရိပ်ရသစ်ပင် စိုက်ပျိုးပွဲအား ဇူလိုင် ၉ ရက် နံနက် ၈ နာရီတွင်အဆိုပါလမ်းမကြီးဘေး၌ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အရိပ်ရသစ်ပင်စိုက်ပျိုးရာသို့ကျိုက်ထိုခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ် ရေး အဖွဲ့ ဥက္ကဌ ဦးမျိုးမင်းစိုး နှင့်အဖွဲ့ဝင်များသစ်တောဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစိုးဝင်း တို့မှ ဦးဆောင်၍ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းစုစုပေါင်းအင်အား(၂၅၄)ဦးဖြင့် မန်ဂျန်ရှား၊ သင်္ကန်း၊ တောင်သလဲ၊ စိန်ပန်း စသည့် အရိပ်ရပင် စုစုပေါင်း(၁၀)မျိုး၊ပျိုးပင်ပေါင်း(၅၀၀)ပင်အား စုပေါင်းစိုက်ပျိုး ခဲ့ကြ ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment