မအီမြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

MNP ၊ ဇူလိုင် ၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ပြည်သူ့စာကြည့်တိုက်၌ ယမန်နေ့ နေလယ်ပိုင်းက စာအုပ်စာစောင်ချစ်မြတ်နိုး သူများအသင်း(Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းဆွေနွေးပွဲကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မအီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးသက်နောင်ထွန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မအီမြို့ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်၊ ကိုအောင်ကိုလင်းက ဆရာချစ်ဦးညို၏ " တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ " စာအုပ်မှ ပြည်သူတို့၏ ပြင်းပြသောဆန္ဒတို့သည် ကွဲပြားကောင်းကွဲပြားသော်လည်း ရှေးရှုစီးဆင်းရာကား တစ်သဘောတည်းပင်ဖြစ်ကြောင်း၊ စာရေးဆရာများ၊ အနုပညာသမားများ၊ ပြောရေးဆိုခွင့်ရှိသူများ၏ အရေးအသား၊ အဟောအပြောတွေဟာ အမှန်တရားကို ဘယ်လောက်ထိထင်ဟပ်မလဲ၊ စိတ်ဘဝ၊ ရုပ်ဘဝ၊ လုံခြုံမှု၊ ငြိမ်းချမ်းမှု၊ တိုးတက်သာယာမှုကို ဘယ်လောက်အထိ ထောက်ကူပေးမလဲ။ အနာဂါတ်ခြေလှမ်းများ ဘယ်သို့ရှိမလဲ။   စသည်တို့ကိုဆွေးခဲ့ပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင်များ၏ မေမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။ ထို့နောက် စာပေဝါသနာရှင် ကိုမျိုးမြင့်သိမ်းက ဆရာလယ်တွင်းသားစောချစ်၏ ပန်းကိုလိုချင် အပင်ကိုပျိုးတတ်မှ စာအုပ်ပါ ' မိဘနှင့် ဥယျာဉ်မှူး ' ' မိဘလောင်းတို့ ရှောင်ရန်/ဆောင်ရန်များ ' ' ကလေးနဲ့အာဟာရ ကလေးနဲ့ဉာဏ်ရည်' စသည့် ခေါင်းစဉ်တို့ကို ( Book Club) အဖွဲ့ဝင်များနဲ့ အပြန်အလှန် ဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေချစ်သူဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)