MNP ၊ ဇူလိုင် ၉
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊အမ်းမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး အမှတ်(၃) ဈေးရပ် ကွက်၊ ကားကြီးကွင်းအနီးရှိ လမ်းဘေးဝဲယာများတွင်စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။
မြို့သန့်ရှင်းသာယာလှပရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဦးဆောင်၍ အမ်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ဟိန်းသူ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊တပ်ရင်းတပ်ဖွဲ့များမှတပ်မ တော်သားများ၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ဝင်များခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ပြည်သူများ စုပေါင်း ၍ အမှတ်(၃)ဈေးရပ် ကွက်၊ ကားကြီးကွင်းအနီး လမ်းဘေးဝဲယာများတွင် အမှိုက်ကောက်ခြင်း၊ ပေါင်းမြစ်ပင်များ၊ သစ်ပင် ချုံနွယ်များအား ခုတ် ထွင်ရှင်းလင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။
သတင်း - စိုးမင်းထွန်း
https://t.me/MyanmarNationalPost



No comments:
Post a Comment