MNP - ဇူလိုင် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ခေတ္တနာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံး၊ ခေတ္တနာဂဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးရုံး၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိးရေး သင်တန်းကျောင်း၊ အမျိုးသမီအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၀၆:၃၀)နာရီအချိန် လဟယ်မြို့ ဓါတ်ပေါင်းစုစေတီကုန်းပေါ်၌ ကျင်းပပြုလုပ်ပါသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် နှစ်ရည်သီးနှံကော်ဖီပင်(၁၅၅)ပင် စိုက်ပျိုးခဲ့ပါသည်။ သစ်ပင်စိုက်ပွဲသို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နတလ၊ လူငယ်သင်တန်းကျောင်း၊ အိမ်တွင်းမှုသင်တန်းကျာင်းတို့မှ ကျောင်းအုပ်များနှင့် နည်းပြဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်းသူများ တက်ရောက်ပါသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment