MNP - ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ မြို့မစည်ပင်သာယာ ဈေးအတွင်း၊ အပြင်ရောင်းချလျက်ရှိသော မုန့်ဆိုင်များနှင့် အလှကုန်ပစ္စည်းဆိုင်များအား စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်နေပြည်တော်၏ ညွှန်ကြားချက်ဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ၊ မရှိစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၉ နာရီ ၁၅ အချိန်က စစ်ဆေး ခဲ့ကြသည်။
စလင်းမြို့ မြို့မဈေးကြီးအတွင်း၊ အပြင်ရောင်းချလျက်ရှိသော မုန့်ဆိုင်များနှင့်အလှ ကုန်ဆိုင်များအား စစ်ဆေးရာတွင် ထိုင်းနိုင်ငံရှိ BETTER WAY (Thailand Coltd)မှ ထုတ်လုပ်သည့် Mistine အလှကုန်ပစ္စည်းများကို Thirl Cosmetice Coltd သည် မြန်မာနိုင်ငံတွင် တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် FDA ၏ ထောက်ခံချက်များဖြင့် တရားဝင် ဖြန့်ဖြူးရောင်းချလျက်ရှိသည့်အပြင် ကုမ္ပဏီအနေဖြင့် Mistine အလှကုန် ပစ္စည်းများတွင် Hologran (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ Labelling Sticker မပါရှိသည့်အပြင် မြန်မာစာ Labelling ကပ်နှိပ်ထားခြင်းလည်း မရှိသည့်အတွက် လိုအပ်သလိုအရေးယူဆောင်ရွက်ပေးနိုင်ရန် ယင်းကုမ္ပဏီ၏ တင်ပြချက်နှင့်စပ်လျဉ်း၍ ဈေးကွက်အတွင်း အဆိုပါ Mistine အလှကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ၊ မရှိနှင့် FDA ၏ ထောက်ခံချက်များဖြင့် ဖြန့်ဖြူး ရောင်းချနေခြင်း ဟုတ်၊ မဟုတ် စိစစ်အရေးယူ ဆောင်ရွက်နိုင်ရန် စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်နှင့် တိုင်းရုံးမှ အကြောင်းကြားလာ၍ စလင်းမြို့နယ် အတွင်းရှိ အလှကုန်ပစ္စည်းဆိုင်များနှင့် မုန့်ဆိုင်များတွင် ဌေးဌေးအမှတ်တံဆိပ်ပါ သစ်သီးယိုစုံ၊ ပင်မှည့်မကျီးယို၊ အနီလေးကော်ဖီ၊ မန်းနီး ဂွေးသီးပေါင်း၊ ပင်မှည့်သရက်စပ် တို့အား ရောင်းချခြင်း ရှိ၊ မရှိကို စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးဆန်းလင်းမောင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ဦးညီညီစန်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ရာ စလင်းမြို့နယ်အတွင်း တရားမဝင် အလှကုန်ပစ္စည်းများနှင့် စားသောက်ကုန်များဖြစ်သည့် ဓာတုဆေးဝါးများ အသုံးပြုရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ရာ စလင်းမြို့နယ်အတွင်း တရားမဝင် အလှကုန်ပစ္စည်းများနှင့် စားသောက်ကုန်များဖြစ်သည့် ဓာတုဆေးဝါးများ အသုံးပြုသည် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း မရှိကြောင်းနှင့်ရောင်းချခြင်းရှိပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း ဈေးရောင်းချသည့် ဈေးဆိုင်ပိုင်ရှင်များအား စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်းလင်းမောင်က ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
သတင်း - မောင်လွင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment