MNP ၊ ဇူလိုင် ၁၆
မြို့သန့်ရှင်းသာယာလှပရေးအပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီမှစတင်၍ သံတွဲမြို့လေးမျက်နှာဘုရားကုန်းတော်၊သာသနဗိဗ္မာန်နှင့် ရွှေနံတော် စေတီတော်မြတ် ရင်ပြင်တော်တို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း နှင့်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မတော်သားများ စုစုပေါင်း အင်အား (၃၀၀)ခန့်က စုပေါင်း၍ကျောင်းများ မြို့သန့်ရှင်း သာယာလှပရေး အတွက်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment