ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြာင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြာင်းပေးအပ်


MNP ၊ ဇူလိုင်  ၁၅

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက် ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသည့် ဥပဒေဘောင်အတွင်းဝင်ရောက် လာသော ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ PDF အဖွဲ့ဝင်များအား မိဘအုပ် ထိန်းသူများထံသို့ လွဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်သည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကား ပြောကြား သည်။ ထို့နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ က အသိပညာပေးစကား ပြောကြားသည်။


ထို့နောက် ဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ PDF အဖွဲ့ဝင် အမျိုးသား ၇ ဦး တို့အား ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြ သည်။ ဆက်လက်၍ ဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့သည့် PDF အဖွဲ့ဝင် တစ်ဦး၏ ဖခင်ဖြစ်သူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


အလားတူ ဇူလိုင် ၁၄ ရက်ကလည်း ဥပဒေဘောင်အတွင်းဝင်ရောက်ခဲ့ သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦးအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိ သူများက လှိုင်းဘွဲမြို့နယ်ရှိ နယ်မြေခံတပ်အစည်းအဝေးခန်းမ၌ ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ပြီး ၎င်း၏မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရှိရသည်။


PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်း ကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့လက်နက်အပ်နှံပြီး ပြည်သူ့ ဘဝသို့ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရကထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျုးလွန်ခဲ့ခြင်း မရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံ ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)