ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း မြေပုံမြို့ပေါ်ရှိထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း မြေပုံမြို့ပေါ်ရှိထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်



MNP - ဇူလိုင်  ၉


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် မြို့ပေါ်ရှိထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲနှင့် မြေပုံမြို့ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြေပုံမြို့နယ်၊ အငူကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဗုဒ္ဓဘုရားရှင်၏ ရင်ရိုးတော်ဓာတ်စေတီတော်မြတ်ရင်ပြင်၌ ကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲသို့ တက်ရောက်ကြပြီး မြေပုံမြို့ပညာ့ဗိမာန်ကျောင်းတိုက်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာဘောဂ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်သည်တော်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များ နာကြားကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက သံဃာ တော်အရှင်သူမြတ်များအား သင်္ကန်း၊ ဆန်၊ ဆီ၊ ဆေးနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်း ကြသည်။ ထို့နောက် မြေပုံမြို့၊ မြို့မကုသိနာရုံပရိယတ္တိစာသင်တိုက်ပဓာနနာယကဆရာတော်၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တရာဇိန္ဒ မဟာထေရ်မြတ်ထံ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော  ဧည့်ပ ရိတ်သတ်များက အနုမောဓနာတရားနာကြားကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေး ဝေခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြေပုံမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ သို့တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ အမှာစကားပြောကြားကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မြေပုံမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံး ဗလာစာအုပ် ဒါဇင် ၁၅၀ ကိုထောက်ပံ့ပေးအပ်ရာ မြို့မိ၊ မြို့ဖ၊ ဦးသာထွန်းချေနှင့် ဦးမောင်ချမ်းမြတို့က လက်ခံရယူကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့မိ၊မြို့ဖများနှင့် ဒေသခံပြည်သူများက ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသလိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)