MNP - ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပန်းတောင်းမြို့နယ်တွင် ရေပြင်အသက်ကယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုအခမ်းအနားကို ယမန်နေ့နံက်ပိုင်းက သူရဲဇီးဘုန်းတော်ကြီးကျောင်းအနီး ဧရာဝတီမြစ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးအောင်သူရမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် မီးသတ်ဦးစီးမှူး ဦးကိုကိုဝေဟိန်းမှ ရေပြင်အသက်ကယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဧရာဝတီမြစ်အတွင်း မြစ်ရေကြီးသတိပေးဆော်ဩမှု သရုပ်ပြခြင်း၊ ရေယာဉ်များပေါ်မှ အလေးပြုသရုပ်ပြခြင်း၊ ဧရာဝတီမြစ်အတွင်း မီးလောင်မှုများအား အပေါ့စားရေစုပ်စက်ဖြင့် မီးငြိမ်းသတ် သရုပ်ပြခြင်း၊ ရေပြင်အသက်ကယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်မှုအား သရုပ်ပြသခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ ပြည်ခရိုင်မီးသတ်ဦးစီးဌာန လ/ထ ညွှန်ကြားရေးမှူး ဦးမြင့်ခိုင်ထွန်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပန်းတောင်း/ဥသျှစ်ပင်မှ မီးသတ်တပ်ဖွဲ့ဝင်များ ဖိတ်ကြားထားသည့်ဌာန ဆိုင်ရာမှတာဝန်ရှိသူများ ဝန်လို/စည်သာမှ လူမှုကယ်ဆယ်ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - သင်းသင်းအေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment