စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်တိုင်းစစ်ဋ္ဌာနချုပ်မှ ပြည်သူ့စစ်(ဋ္ဌာနေ)အဖွဲ့ဝင်များအား ရိက္ခာနှင့် ဂုဏ်ပြုဆုငွေများ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်တိုင်းစစ်ဋ္ဌာနချုပ်မှ ပြည်သူ့စစ်(ဋ္ဌာနေ)အဖွဲ့ဝင်များအား ရိက္ခာနှင့် ဂုဏ်ပြုဆုငွေများ ထောက်ပံ့ပေးအပ်





MNP ၊ ဇူလိုင် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ အနောက်မြောက်တိုင်းစစ်ဋ္ဌာနချုပ်မှ ကန့်ဘလူမြို့နယ် တန့်ဆည်မြို့နယ် ကျွန်းလှမြို့နယ် မြို့/ကျေးရွာအသီးသီး မှ ပြည်သူ့စစ်(ဋ္ဌာနေ)အဖွဲ့ဝင်များအား ရိက္ခာနှင့် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနားကို ကန့်ဘလူမြို့ပေါ်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆရာတော် ဦးဝါသဝ က "ပြည်သူ့စစ်တပ်ဖွဲ့ဝင်အားလုံးကို ပေးတာပါ။ ခေါင်းဆောင်တွေ လာကြတယ်။ ရိက္ခာ၊ ဆုငွေ ထောက်ပံ့ပေးတာပေါ့။ ပြည်သူ့စစ်အဖွဲ့ဝင်တွေအားလုံးက ကျေးဇူးတင်ကြတာပေါ့ဗျာ။ ဒီကာလမှာက ကိုယ့်အလုပ်ကိုယ် လွတ်လွတ်လပ်လပ် လုပ်ကိုင်လို့ရတဲ့ ကာလမဟုတ်တော့ အခက်အခဲလေးတွေ ရှိတယ်လေ။ နမခ အနေနဲ့ ဒါကို ဖြည့်ဆည်းပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။" ဟု မိန့်ကြားသည်။

ဒေသတည်ငြိမ်အေးချမ်းရေး ရပ်ရွာကာကွယ်ရေးအတွက် ဆရာတော်ဦးဝါသဝ က ကျေးရွာများသို့ လှည့်လည်ပြီး ပြည်သူ့စစ်များ ဖွဲ့စည်းကာကွယ်ကြရန် စည်းရုံးပေးခဲ့ပြီး PDF အကြမ်းဖက်ဘေးအန္တရာယ်ကို ကာကွယ်လိုသည့် ရွာသားများက ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းကာ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြသည့်အပေါ် လိုအပ်လျက်ရှိသည့် စားနပ်ရိက္ခာနှင့် ဆုငွေပါ ထောက်ပံ့ပေးသည့်အပေါ် ပြည်သူ့စစ်အဖွဲ့ဝင်များကလည်း ကျေးဇူးတင်ရှိကြောင်း ပြောသည်။

ကန့်ဘလူ၊ တန့်ဆည်၊ ကျွန်းလှမြို့နယ်များတွင် ပြည်သူ့စစ်ဖွဲ့စည်းနိုင်သော ကျေးရွာများကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ ဝင်ရောက်နိုင်ခြင်း မရှိတော့ဘဲ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ပြည်သူ့စစ်မဖွဲ့စည်းနိုင်သေးသည့် ကျေးရွာများတွင် KIA, PDF အကြမ်းဖက်သမားများက ရွာသူရွာသားများကို လက်နက်ဖြင့် ခြိမ်းခြောက် အနိုင်ကျင့်မှုများ လုပ်ဆောင်နေကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)