ကျောက်ဆည်မြို့နယ်အတွင်းရှိ အမှတ် (၂) ခရိုင်ချင်းဆက်လမ်းတွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး လမ်းတာဘောင်တိုးချဲ့းခြင်းများ ဆောက်ရွက်ပေးသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်အတွင်းရှိ အမှတ် (၂) ခရိုင်ချင်းဆက်လမ်းတွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး လမ်းတာဘောင်တိုးချဲ့းခြင်းများ ဆောက်ရွက်ပေးသွားမည်

 




MNP - ဇူလိုင်   ၁၃


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး အတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ အမှတ် (၂) ခရိုင်ချင်းဆက်လမ်းတွင် ကုန်စည်စီးဆင်းမှု မြန်ဆန်ရေး လမ်းတာဘောင်တိုးချဲ့ခင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။


အဆိုပါ လမ်းတာဘောင်တိုးချဲ့ခြင်းလုပ်ငန်းများကို အမှတ် (၂) ခရိုင်ချင်းဆက်လမ်း၊ မိုင်တိုင်အမှတ် (၄၃) မိုင် (၁) ဖာလုံနှင့် (၄၆) မိုင်အတွင်းရှိ ကျဉ်းမြောင်းနေသည့် လမ်းပိုင်းနေရာဖြစ်ပြီး  လမ်းပိုင်း အရှည်မှာ (၂) မိုင် (၄) ဖာလုံရှိကြောင်း၊ လမ်းတဖက်လျင် အကျယ် (၈) ပေဖြင့် လမ်းအရည်အသွေး ပြည့်မီစွာတို့ချဲ့ခင်းပေးသွားမည်ဖြစ်ကြောင်းနှင့် ခန့်မှန်ကုန်ကျငွေမှာ ငွေကျပ်(၁၃၂)သန်း ကုန်ကျမည်ဖြစ်ကြောင်းသိရှိရကာ လမ်းတာဘောင်တိုးချဲ့ခင်းပေးခြင်းများဆောင်ရွက်ပြီးစီးခဲ့ပါက အမှတ် (၂) ခရိုင်ချင်းဆက်လမ်းအား အသုံးပြုနေသည့် ပြည်သူများ၏ ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန် ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာ သယ်ယူနိုင်တော့မည်ဖြစ်ပြီး ပြည်သူများ ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍစုံ ဖွံ့ဖြိးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။


ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန်အတွက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် စေရန်၊  သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ်သက်သာစေရန်၊  မြိုပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေးအတွက် လမ်း၊ တံတားများ တည်ဆောက်ပေးခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)