MNP ၊ ဇူလိုင် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအား UEC ကို တရားမဝင်ဟု ထုတ်ပြန်ပြောဆိုထားသည့် NLD အစွန်းရောက် အကြမ်းဖက်ပါတီမှ PDF အကြမ်းဖက်သမားများက ယနေ့ နံနက် ၆ နာရီဝန်းကျင်က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
NLD အစွန်းရောက် အကြမ်းဖက်ပါတီမှ PDF အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မဲရုံးအတွင်းမှ မဲရုံသုံးပစ္စည်းများ မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ပြီး ပြည်ပြေးများဖြစ်နေသော NLD အစွန်းရောက် အကြမ်းဖက်ပါတီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) က ဖွဲ့စည်းပေးထားသည့် UEC က ကျင်းပမည့် ရွေးကောက်ပွဲမှာ တရားမဝင်ကြောင်း၊ မဲလိမ်မဲခိုးမှုများဖြင့် အနိုင်ရရှိခဲ့သည့် ၎င်းတို့သည်သာ ရွေးကောက်ခံအစိုးရဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည့်အပေါ် လက်ရှိ UEC ၏ သဘောထားကို ဆက်သွယ်မေးမြန်းရာ ဖြေကြားခြင်း မရှိပေ။
https://t.me/MyanmarNationalPost

No comments:
Post a Comment