MNP - ဇူလိုင် ၃၁
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ပညာရေးမှူးရုံး (ရုံးခွဲ) ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အလုပ် ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီက ကျိုင်းတုံမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယနေ့ကျင်းပသည့် အခမ်းအနားတွင်သင်တန်းသား၊ သင်တန်းသူ ဆရာ၊ဆရာမ စုစုပေါင်း(၄၁၉)ဦးရှိပြီး အခြေခံပညာကျောင်းများမှ (၃၈၀)ဦး၊ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းများမှ (၃၉)ဦးပါဝင်ကြောင်း၊ ယခင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့သူများနှင့် ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲ ကျရှုံးသူများမှာ စုစုပေါင်း (၁၉၃၀)ဦးခန့် ရှိကြောင်းသိရပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ရန် ရည်မှန်းချက်မှာအကြီးမားဆုံး မျှော်မှန်း ချက် တစ်ခုဖြစ်ပါကြောင်း၊ ၂၀၂၂ခုနှစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း အနေဖြင့် (၃၂.၁၉)ရှိပြီး ယခင်နှစ်များထက် အောင်ချက်မြင့်မားလာသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၃ ခုနှစ် မတ်လတွင် ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်လည်း ယခင်နှစ်အောင်ချက်ကဲ့သို့ မြင့်မားရေးအတွက်ဆောင်ရွာရာမှာ ဆရာ၊ဆရာမများ၏သင်ကြားရေး ကြိုးပမ်းဆောင်ရွက်မှု ကျောင်း သား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ ပူးပေါင်းပါဝင်ဝင်မှုသည် အဓိက ကျလှပါကြောင်း၊ ယခုအလုပ်ရုံ ဆွေးနွေးပို့ချသော တက္က သိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးကြမည့် ဆရာကြီး၊ဆရာမကြီးများနှင့် ပါဝင်ဆွေးနွေးကြမည့် ကျောင်းအုပ်ကြီးများ ၊ ဆရာ၊ ဆရာမများ အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မားရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲအတွက် ထောက်ပံ့ငွေ ကျပ်(၁၀)သိန်းကို ရှမ်းပြည် နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ဆရာမကြီး ဒေါ်ခင်ညိုညို မှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးသို့သွားရောက်ကာ လူထုအခြေပြု ဗဟိုဌာန Community Centre ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရာ ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာကျော်ထွန်းက Community Centre သည် ရှမ်းပြည်နယ်(မြောက်ပိုင်း၊တောင်ပိုင်း)တို့တွင် နှစ်ခုရရှိပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွက် ရရှိနိုင်ရန် ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီးကို တင်ပြခဲ့ပါ ကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သည် တိုင်းရင်းသားပေါင်းစုံ နေထိုင်ပါကြောင်း၊ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါကြောင်း၊ Community Centre မှ အသိပညာများ ဖြန့်ဝေပေးမည်ဖြစ်ပြီး ဒေသအတွက် ဖိုရမ်များ၊work shopများ ဆောင်ရွက်နိုင်ရန်နှင့် ဖွဲ့စည်းပုံတွင် အခန်းများပါရှိကြောင်း၊ ကွန်ပျူတာသင်တန်း၊ ဂျင်ဆော့ခန်းမများ၊ ကလေးစာဖတ်ခန်း၊ စာပေဗိမာန်များပါရှိသည့် အတွက် မြို့လူထုကိုလည်း အသုံးဝင်ပြီး တိုင်းရင်းသား လူငယ်များအသိပညာဖွံ့ဖြိုးတိုးတက်ရန် ယခု Community Centreကို တောင်းဆိုရခြင်း ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
၎င်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ရုံး ပြည်နယ်ဦးစီးမှူး ဦးစိုးညွှန့်ရွှေ ကCommunity Centre ဆောက်လုပ်ရခြင်း၊ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ပြန်ကြားရးဝန်ကြီးဌာန အနေဖြင့်ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ အသိပညာပေးရန် စသည့် ရည်ရွယ်ချက်(၃)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခုCommunityCentreတွင် တိုင်းရင်းသား လူမျိုးစု ရိုးရာယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများ၊ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၊ အစည်းအဝေးခန်းမ၊ ဘက်စုံသုံးခန်းမ၊ သင်တန်းခန်းမ၊ ကျန်းမာရေးအားကစားခန်းမ၊ ကွန်ပျူတာခန်းမ ပါဝင်မှာဖြစ်ကြောင်း ရှင်းလင်းပြော ကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအေးမောင် က Communtiy Centre ဆောက်လုပ်ရေးအတွက် မြေပြင်အခြေအနေအား ရှင်းလင်း၍ မြန်မာ့ကြယ်စင် လင်းကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးဧရာလင်းမှ Communtiy Centre ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကာ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်စကားပြောကြားပြီး ရုံး အောက်ထပ်ရှိ စာကြည့်တိုက်ခန်းမကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရှမ်းပြည်နယ် အစိုးရထောက်ပံ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သော နောင်တုံကန်ပတ်လမ်း၊ပလက် ဖောင်းပြုလုပ်ခြင်း ဆောင်ရွက်ပြီးစီးမှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးရာ ကျိုင်းတုံ မြို့နယ်စည်ပင်သာယာရေးအမှုဆောင် အရာရှိ ဦးကျော်မင်းထိုက်မှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိ သူတို့သည် ကျိုင်းတုံ ဟော်နန်းဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုရာ မင်းဒင်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဇော်မှ ရှင်းလင်းရာပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
သတင်း - မောင်မောင်သန်း
မြန်မာနေရှင်နယ်ပို့စ်




No comments:
Post a Comment