ပြင်ဦးလွင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှု‌ကြောင့် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်ဦးလွင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှု‌ကြောင့် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်



MNP - ဇူလိုင်   ၃၁


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ယနေ့ နံနက် ၂ နာရီ ၅၅ မိနစ် အချိန်ခန့်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိရာ မြို့ပတ်လမ်း၊ ဂဲလောင်းချောင်း တစ်လျှောက်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။


အနီးစခန်းဘူတာ အနိမ့်ပိုင်းရပ်ကွက်များနှင့် ပွဲကောက်ရေတံခွန် ဝန်းကျင်တွင်လည်း ရေများ ဝင်ရောက်လျက် ရှိသည်။ ဆင်လမ်း ကျေးရွာ၊ အထကကျောင်း၌ ကျောင်းအုတ်တံတိုင်း ၁၅ ခန်း ပြိုကျပျက်စီးခဲ့ခြင်း၊ ရပ်ကွက်ကြီး ၅ ပြည်တော်သာရပ်ကွက်အတွင်း အနိမ့်ပိုင်းရှိ လူနေအိမ်များတွင် ရေများဝင်ရောက်ခြင်း၊ ရပ်ကွက်ကြီး ၉ ရှိ အေးမြချမ်းသာ သီလရှင်ကျောင်း အုတ်တံတိုင်း ၅ ခန်း လဲပြိုကျခြင်း၊ အ.လ.က ပွေးတောင်ကျောင်း၌ အုတ်တံတိုင်း ၅ ခန်း ပြိုကျခြင်း၊ ရပ်ကွက်ကြီး ၁၈ ဒိုးကွင် ပိုးချည်စက်ရုံ၊ စိုက်ပျိုးရေး ဝန်ထမ်းအိမ်ရာများအတွင်း ရေဝင်ရောက်ခြင်းနှင့် ရေတိုက်စားမှုကြောင့် ကားလမ်းဘေး သစ်ပင်လဲကျမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ရေကြီးရေလျှံမှုများ ဖြစ်ပွားရာနေရာများသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကူညီရေး အသင်းအဖွဲ့များမှ ကူညီဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ ရေကြီးရေလျှံ နေရာများသို့ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခေတ္တခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များကလည်း မြေပြင်ကွင်းဆင်း၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ အုပ်ချုပ်ထောက်ပံ့ ကိစ္စရပ်များအား လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


သတင်း - ဖြူလူသစ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)