ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

                

MNP - ဇူလိုင်   ၃၀


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အခြေခံကွန်ပျူတာကျွမ်းကျင်မှု သင်တန်း(၇/၂၀၂၂)၊ အဆင့်မြင့်ရုံးသုံးကွန်ပျူတာ ကျွမ်းကျင်မှုသင်တန်း(၃/၂၀၂၂)နှင့် လက်တွေ့အသုံးချ ကွန်ပျူတာကျွမ်းကျင်မှု သင်တန်း(၆/၂၀၂၂) (Applied GIS)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပသည်။


အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ e - Government ကော်မတီဝင်များ၊ သင်တန်းဆရာ/ဆရာမများ သင်တန်းသူသင်တန်းသားများ တက်ရောက် ကြသည်။


ဦးစွာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းမှသင်တန်းဆင်း အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အုပ်ချုပ်ရေးဌာနဆိုင်ရာ အချင်း ချင်း အပြန်အလှန်ဆက်သွယ်ရေး၊ စီးပွားရေးလုပ်ငန်းများအား ထိန်းကျောင်းရေးနှင့် ပြည်သူ့ ဝန်ဆောင်မှုပေးရေး လုပ်ငန်းများအား ဆောင်ရွက်ရန်အတွက် အခြေခံလိုအပ်ချက်များဖြစ်သည့်  နည်းပညာအခြေခံ အဆောက်အအုံ(Digital Infrastructure)၊ လုံခြုံမှုရှိသော သီးခြား ကွန်ရက် ချိတ်ဆက်မှု (Private Network)နှင့် လုပ်ငန်းလည်ပတ်ရန် ကျွမ်းကျင်မှုရှိသော လူ့စွမ်းအား အရင်းအမြစ် (Skilled HR) များ ဖွံ့ဖြိုးအောင်ဆောင်ရွက်ပြီး Digital Government / e-Government တစ်ရပ်ဖြစ်လာရေး အကောင်အထည်ဖော်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ e-Government စနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီကို စနစ်တကျ ဖွဲ့စည်းခဲ့ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဆိုရင် ကွန်ပျူတာ အခြေခံကျွမ်းကျင်မှု သင်တန်း(၇)ကြိမ်ဖြင့် သင်တန်းသား(၂၂၀) ဦး၊‌ အဆင့်မြင့်ရုံးသုံးကွန်ပျူတာကျွမ်းကျင်မှုသင်တန်း(၃)ကြိမ်ဖြင့် သင်တန်းသား (၆၀)ဦး၊ လက်တွေ့အသုံးချ (အဆင့်မြင့်)ကျွမ်းကျင်သင်တန်း(၆)ကြိမ်ဖြင့် သင်တန်းသား(၁၂၀)ဦး စုစုပေါင်း သင်တန်းသား (၄၀၀)ဦးတို့ကို အောင်မြင်စွာ ခေါ်ယူဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းအစိုးရဌာန ဆိုင်ရာများအတွက် ပြန်လည်အကျိုးပြုမယ့် သင်တန်းသား စုစုပေါင်း(၄၀၀)ဦးကို အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ သင်တန်းသားများအနေနဲ့ သင်တန်းအသီးသီးကနေ သင်ကြားတတ်မြောက်ခဲ့တဲ့ ကျွမ်းကျင်မှုများကို မိမိတို့ဌာနဆိုင်ရာ အသီးသီးမှာ ထိထိရောက်ရောက် ပြန်လည်အသုံးချနိုင်အောင် နိုင်ငံအကျိုးကို ပညာရပ်နဲ့ရွက်သယ်ပိုးနိုင်တဲ့ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားပြီး ထပ်မံဖွင့်လှစ်မည့် အဆင့်မြင့်သင်တန်းများကိုလည်း ဆက်လက်တက်ရောက်နိုင်အောင် ကြိုးစား‌စေချင်ပါကြောင်း ပြောကြားသည်။


ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ သင်တန်း ဆရာ/ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ သင်တန်းတွင်ဆုရရှိသူများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန်၊ သယံဇာတရေးရာဝန်ကြီးနှင့် လူမှုရေးဝန်ကြီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ပြီး တိုင်းရင်းသားရေးရာဝန်ကြီးက သင်တန်းဆင်း လက်မှတ်ချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။


ထိုနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက သင်တန်းသူ၊ သင်တန်းသားများနှင့် မှတ်တမ်းတင် ဓါတ်ပုံရိုက်ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)