နွားထိုးကြီးမြို့နယ်တွင် မိုးရာသီအရိပ်ရတမာပင်များ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွားထိုးကြီးမြို့နယ်တွင် မိုးရာသီအရိပ်ရတမာပင်များ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကျင်းပ

 



MNP - ဇူလိုင်   ၂၃


မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ မိုးရာသီအရိပ်ရစုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက် ၇ နာရီအချိန်ခွဲကနွားထိုးကြီး-တောင်သာ၊ နွားထိုးကြီး-မလှိုင်သွားကားလမ်းဘေး၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါသစ်ပင်စိုက်ပွဲတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သစ်တောဦးစီးဌာနမှ တာဝန်ခံ ဦးမြတ်တိုးအောင်နှင့်ဝန်ထမ်းများက ပျိုးပင်များကို တပျော်တပါး စနစ်တကျစိုက်ပျိုးခဲ့ကြသည်။သစ်ပင်စိုက်ပွဲအား သဘာဝ ပတ်ဝန်ကျင် စိမ်းလန်းစိုပြေစေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ အပူဒဏ်ကာကွယ်နိုင်ရေး၊ သစ်တောသစ် ပင်တန်ဖိုးကို အများပြည်သူအလေးထား သိရှိစေရန်ရည်ရွယ်၍ အရိပ်ရတမာပင်စုစုပေါင်း (၂၅၁၀) ပင်အား၊ဌာနဆိုင်ရာဝန်ထမ်းများကျေးရွာပြည်သူ(၁၅၀)ဦးမှ စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။


သတင်း - သန်းအောင်ဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)