မိုငးဆတ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုငးဆတ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ



MNP - ဇူလိုင်  ၂၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီခွဲက  အောင်ဇေယျဘက်စုံအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က ထူးချွန်သောဘောလုံးအားကစား သမားများပေါ်ထွန်းလာစေရေး၊ အားကစားပြိုင်ပွဲမှ ချစ်ကြည်ရင်းနှီးမှု ရရှိစေရေး၊  ကျန်းမာ သန်စွမ်းသည့် မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်ပေးနိုင်မည့် ရလဒ်ကောင်းများရရှိစေရန် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ အားကစားသမားများအနေဖြင့်  အနိုင်အရှုံးကို ပဓာနမထားဘဲ အားကစားစိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ပြိုင်၍ သန့်ရှင်းစွာရရှိသော အောင်မြင်မှုမျိုးကို ရရှိအောင် ကြိုးစားကစားကြရန်လိုကြောင်း အမှာစကားပြောကြားသည်။


ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာဓိဋ္ဌာန်ရွတ်ဆိုပြီး ပြိုင်ပွဲဝင်ကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ ဖွင့်ပွဲအနေဖြင့် ယှဉ်ပြိုင်ကစားမည့် ဝိန်းဝိုင်အသင်းနှင့် မိုင်းတွမ်းတောင်ပေါ်အသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် အမျိုးသားဘောလုံး ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း(၈)သင်းဖြင့် ဇူလိုင်(၂၂)ရက်မှ ဩဂုတ်လ (၁)ရက်နေ့အထိ (၁၁)ရက်တာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - မြင့်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)