မိုင်းခုတ်မြို့၊ အမက(ဝမ်ကတ်)၌ အာရ်စီတစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်မှု ၂၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းခုတ်မြို့၊ အမက(ဝမ်ကတ်)၌ အာရ်စီတစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်မှု ၂၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီး




MNP - ဇူလိုင်   ၂၃


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ဝမ်ကတ်ကျေးရွာ အခြေခံပညာ မူလတန်း ကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြား၊ သင်ယူနိုင်စေရေး အတွက် ကျောင်းဆောင်သစ် ဆောက်လုပ်နေကြောင်း သိရသည်။


အဆိုပါ ကျောင်းဆောင်သစ်ကို ဇူလိုင် ၂ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ပြီး အမျိုးအစားမှာ  အလျား ၆၀ ပေ၊ အနံ ၂၀ ပေနှင့် အမြင့် ၁၂ ပေရှိ အာရ်စီတစ်ထပ်ကျောင်းဆောင်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်နယ်ခွင့်ပြု ရန်ပုံငွေ ၇၅ ဒဿမ ၄၅ ကျပ်သန်းဖြင့် လင်းရောင်ခြည်ဖြိုး ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ကာ ယနေ့အထိ ၂၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေ ပြီဖြစ်ကြောင်း သိရသည်။


သတင်း - ယဉ်ယဉ်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)