သရက်ချောင်းမြို့နယ်၌ (၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သရက်ချောင်းမြို့နယ်၌ (၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ကျင်းပ



MNP - ဇူလိုင်  ၂၃


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်ရှိစည်ပင်သာယာ ကျောက်တိုင်ဝင်း မြို့တော်ခန်းမတွင် ယမန်နေ့က(၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု (မြို့နယ်အဆင့်)အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားတွင် သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ သရက်ချောင်းမြို့နယ် ပညာရေးမှူးနှင့်ဆရာ၊ ဆရာမများ၊ သရက်ချောင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ပြိုင်ပွဲ ဝင်များ ၊ ဝါသနာရှင်များတက်ရောက်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ သရက်ချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေဦးက ၂၀၂၂ခုနှစ်(၂၃)ကြိမ် မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊အရေး၊အတီးပြိုင်ပွဲ ကျင်း ပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဏာမရွေးချယ်ထားသော အခြေခံပညာအဆင့်(အသက် ၁၀နှစ်မှ၁၅နှစ်)ပြိုင်ပွဲဝင်များ၊ အခြေခံပညာအဆင့်(အသက်၁၅ နှစ်မှ ၂၀နှစ်)ပြိုင်ပွဲဝင်များက ခေတ်ဟောင်းသီချင်းများနှင့် ကာလပေါ်တေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ခဲ့ကြသည်။


သီဆိုယှဉ်ပြိုင်မှုအပြီးတွင် ဆုပေးပွဲကိုဆက်လက်ကျင်းပရာ  မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ခရိုင်အဆင့်သို့ပါဝင်ယှဉ်ပြိုင်နိုင်ရေး ရွေးချယ်ခံရသည့် အခြေခံပညာအဆင့် (အသက် ၁၀နှစ်မှ၁၅နှစ်) ပြိုင်ပွဲဝင်များ၊ အခြေခံပညာအဆင့် (အသက်၁၅ နှစ်မှ ၂၀နှစ်) ပြိုင်ပွဲဝင်များအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။


သရက်ချောင်းမြို့နယ် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင်" အောင်ထွေးဗိုလ်" ဆိုင်းအဖွဲ့က တေးသီးချင်းဖြင့်လည်းကောင်း၊ ယိမ်းအကဖြင့် လည်းကောင်း၊ မြိုင်ထနှစ်ပါးအကဖြင့်လည်းကောင်း၊ ဝါသနာရှင်များကတေးသီချင်းများဖြင့် လည်းကောင်း၊ ခရိုင်အဆင့်တွင် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး တေးသီချင်းဖြင့်ပြိုင်ပွဲဝင် မည့် (အဆင့်မြင့်ပညာအဆင့်)ပြိုင်ပွဲဝင်များက ပြိုင်ပွဲဝင်တေးသီးချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ ကြောင်းသိရသည်။


သတင်း - နန်းခလိုက်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)