MNP - ဇူလိုင် ၂၇
ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စက်မှုလက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ပြည်နယ်အတွင်း အများပိုင်ဘိလပ်မြေစက်ရုံ အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် ပြည်နယ်အဆင့် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ တာဝန်ရှိသူများနှင့် ဇူလိုင် ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အများပိုင် ဘိလပ်မြေစက်ရုံ အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်မှာကြားချက်နှင့်အညီ ပြည်နယ်အတွင်း ဘိလပ်မြေစက်ရုံ တည်ဆောက် နိုင်ရေးအတွက် ဖြစ်မြောက်ရေးကော်မတီနှင့် ကချင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး အများပိုင်ကုမ္ပဏီကို ဖွဲ့စည်း တည်ထောင်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့အပြင် စက်ရုံလည်ပတ်နိုင်ရေးအတွက် အဓိက ကုန်ကြမ်းများဖြစ်သည့် ထုံးကျောက်၊ ကျောက်မီးသွေးများရရှိရေး ကုန်ကြမ်းရရှိနိုင်သည့် ဒေသများသို့ မြေပြင် ကွင်းဆင်းလေ့လာစမ်းသပ်နိုင်ရေးနှင့် ဘိလပ်မြေစက်ရုံ အောင်မြင်စွာ တည်ဆောက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရမည့် ကိစ္စရပ်များအပေါ် ပူးပေါင်းဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို အားလုံးက ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် စက်ရုံတည်ဆောက်သွားမည့် ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ တာဝန်ရှိသူများက ဘိလပ်မြေ စက်ရုံ အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည့် ကုန်ကြမ်းများရရှိနိုင်ရေး ဒေသအလိုက် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ကုမ္ပဏီမှ စက်ရုံတည်ဆောက်သွား မည့် အစီအစဉ် များ၊ အစုရှယ်ယာများခေါ်ယူနိုင်ရေး စီမံဆောင်ရွက်ထားသည့်ကိစ္စရပ်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် ကွင်းဆင်းစစ်ဆေးသွားမည့်ကိစ္စရပ်များအပေါ် တပ်မတော်၊ ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားရမည့် ကိစ္စရပ်များနှင့် လိုအပ်ချက်၊ အခက်အခဲများကို သုံးသပ်ဆွေးနွေးတင်ပြခဲ့ကြ သည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဘိလပ်မြေစက်ရုံ အောင်မြင်စွာ တည်ဆောက်နိုင်ရေး အတွက် အဖွဲ့အစည်းအသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရာတွင် ပိုမိုထိရောက် အောင်မြင်စေရေး လိုအပ် သည်များ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး စီမံချက်ရေးဆွဲ ဆောင်ရွက်သွားနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment