တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းသာသနိကအဆောက်အအုံ မီးဘေးအန္တရာယ်ကင်းရှင်းရေးအသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူးများ လှူဒါန်းပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းသာသနိကအဆောက်အအုံ မီးဘေးအန္တရာယ်ကင်းရှင်းရေးအသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူးများ လှူဒါန်းပေးအပ်





MNP - ဇူလိုင်  ၂၇


မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေဇာလီဘုန်းကြီးကျောင်း၌ ၁၉၁၃ခုနှစ်တွင် ဆောက်လုပ်ခဲ့သော ရှေးဟောင်းသာသနိက အဆောက်အအုံအား မီးဘေးအန္တရာယ်ကင်းရှင်းရေးအသိပညာပေးခြင်းနှင့် မီးသတ်ဆေး ဘူးများ လှူဒါန်းပေးအပ် ခြင်းကို ယနေ့နံနက် ( ၉ )နာရီကဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေမီးသတ်ဦးစီးမှူး ဦးမျိုးသူက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်လိုက်နာချက်များအားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မီးသတ်ဆေးဘူး အသုံးပြုနည်းအား လက်တွေ့ပြသဆောင်ရွက်ခဲ့ပြီး ကျောင်းထိုင် ဆရာတော်အား မီးသတ် ဆေးဘူးများ လှူဒါန်ခဲ့ကြောင်းသိရသည်။


အဆိုပါလှူဒါန်းမှုဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဝေဇံ၊ နယ်မြေရဲစခန်းမှူး၊ နယ်မြေမီးသတ်ဦးစီးမှူး၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဂေါပက အဖွဲ့များ တက်ရောက်ခဲ့ကြောင်းသိရသည်။

       

သတင်း - သီရိအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)