သမိုင်းဝင်ကျိုက္ကလော့စေတီတော် ရင်ပြင်ပေါ်ရှိ တိံင်္ကြားနှစ်ထပ်ဓမ္မာရုံ ရေစက်ချမင်္ဂလာ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သမိုင်းဝင်ကျိုက္ကလော့စေတီတော် ရင်ပြင်ပေါ်ရှိ တိံင်္ကြားနှစ်ထပ်ဓမ္မာရုံ ရေစက်ချမင်္ဂလာ အခမ်းအနား ကျင်းပ

 



MNP - ဇူလိုင်  ၁၆


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် သမိုင်းဝင်ကျိုက္ကလော့စေတီတော် ရင်ပြင်ပေါ်ရှိ တိံင်္ကြားနှစ်ထပ် ဓမ္မာရုံရေစက်ချမင်္ဂလာအခမ်းကို  ယနေ့ နံနက်(၈) နာရီအချိန်က ထောက်ကြန့်နွယ်ခွေကျောင်းတိုက် ဦးစီးပဓါန၊ မြို့နယ်သံဃနာယက၊ သမိုးဝင်ကျိုက္ကလော့စေတီ တော်ကြီးဂေါပကအဖွဲ့၏ ဩဝါဒစရိယ ဆရာတော်ကြီးနှင့် မြို့နယ်အတွင်းရှိ ကျောင်းတိုက်ဆရာတော်ကြီးများ ကြွရောက်၍ တိံင်္ကြားနှစ်ထပ်ဓမ္မာရုံ အလှူရှင်များက ရေစက်ချလှူဒါန်းသည့် မင်္ဂလာခမ်းအနား ကျင်းပကြောင်းသိရသည်။


အခမ်းအနားတွင် နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားစတင် ဖွင့်လှစ်ကာ ထောက်ကြန့် နွယ်ခွေကျောင်းတိုက် ဦးစီးပဓါန၊ မြို့နယ်သံဃနာယက၊ သမိုးဝင်ကျိုက္ကလော့စေတီ တော်ကြီးဂေါပကအဖွဲ့၏ ဩဝါဒစရိယ ဆရာတော်ကြီး ဦးသောဘဏထံမှ ကြွရောက်လာသည့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီ ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။


ထို့နောက် လှူဖွယ်ပစ္စည်းများကို အလှူရှင်တိံင်္ကြားဦးသန်းလှနှင့် မိသားစုများက  ဆက်ကပ်လှူဒါန်းရာ မြို့နယ်သံဃနာယက  ဆရာတော်ကြီးဦးသောဘဏက လှူဒါန်းမှုအစုစု တို့အတွက် အနုမောဒနာတရားဟောကြားကာ ရေစက်ချအမျှအတန်း ပေးဝေပြီးတိံင်္ကြားနှစ်ထပ် ဓမ္မာရုံအား မင်္ဂလာရေစင်ပက်ဖျန်း၍ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ တိံင်္ကြားဓမ္မာရုံရေစက်ချလှူဒါန်းသည့် မင်္ဂလာအခမ်းအနားအောင်မြင်စွာ ရုပ်သိမ်းကြောင်းသိရသည်။ တိံင်္ကြားနှစ်ထပ်ဓမ္မာရုံကြီးကို ဘုရားလာရောက် ဖူးမြှော်ကြသူများ ညအိပ်တည်းခို၍ အေးချမ်းစွာနားနေနိုင်အောင် သိန်း (၅၅၀) အကုန်ကျခံ လှူဒါန်းခဲ့ကြောင်း သိရသည်။


သတင်း - မြတ်သူဇာ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)