MNP ၊ ဇူလိုင် ၁၅
ရခိုင်ပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကော်မတီ၏ ဦးဆောင်မှုဖြင့် စစ်တွေတက္ကသိုလ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက တက္ကသိုလ်စာသင် ခန်းမကြီး (၂)တွင် ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် စစ်တွေတက္ကသိုလ် ပါမေက္ခချုပ် ဒေါက်တာ ခင်မောင်ဇော်က တက္ကသိုလ်အတွင်း အားကစားပြိုင်ပွဲများ၊ အသိပညာနှီးနှောဖလှယ်ပွဲများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကျောင်းပတ်ဝန်းကျင်စိမ်းလမ်းစိုပြေရေးအတွက် သစ်ပင်စိုက်ပျိုးပွဲတော်များ၊ အသိ ပညာပေးဟောပြေပွဲများစသည့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများရရှိနိုင်မည့် ကဏ္ဍများအား တက္ကသိုလ်အတွင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
ထို့နောက် စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက မိမိဌာမှလုပ်ဆောင်နေမှုများ၊ စွန့်ပစ်ပစ္စည်းများကြောင့်သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ အားလည်းကောင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ကျန်းမာရေးထိခိုက်မှုများ၊ စွန့်ပစ်ပစ္စည်း များကြောင့် ကူးစက်ရောဂါဖြစ်ပွားမှုများအားလည်းကောင်း၊ သစ်တောဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး၊ ဦးမြင့်ဝင်းက မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးလုပ်ငန်း များဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင် ရွက်နေမှုများအားလည်းကောင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးက စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအားလည်းကောင်း၊ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အောင်မြကြည်က သီးအနှံများတွင်ပိုးသတ်ဆေး အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများနှင့် စိုက်ပျိုးရေးအကြောင်းသိကောင်းစရာများ စသည်ဖြင့် အသိပညာပေး ဟောပြောကြသည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းကြရာ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ကြကြောင်းသိရသည်။
သတင်း - တင်ထွန်း
https://t.me/MyanmarNationalPost





No comments:
Post a Comment