MNP ၊ ဇူလိုင် ၁၅
၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်ပိုင်းမှစ၍ ခင်းကျင်း ပြသလျက်ရှိသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝဖြစ်စဉ်များနှင့် လွတ်လပ်ရေး ကြိုးပမ်းမှု မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် ရှားပါးမှတ်တမ်းဓာတ်ပုံများကို ပြသထားပြီး စာအုပ်ပြပွဲတွင် ပညာရပ်မျိုးစုံ ပါဝင်သော သုတရသစာအုပ်များ၊ အာဇာနည်နေ့နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာ စာအုပ်စာစောင်များအား စိတ်ဝင်စားဖွယ် ခင်းကျင်းပြသထားရာ ဒေသခံ ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
သတင်း - တင်ဇာလွင်
https://t.me/MyanmarNationalPost
No comments:
Post a Comment