MNP ၊ ဇူလိုင် ၁၅
ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊ငပလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးMobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ညနေ၃နာရီကငပလီမြို့စည်ပင် ရုံးနှင့်စိုက်ပျိုးရေးရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ထိုသို့ စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် ငပလီမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာရောက်နိုင်သည့်ဝန်ထမ်းများနှင့် စာဖတ် ပရိတ်သတ်ပြည်သူများအားအသိပညာ ဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိစေရေး၊စာဖတ်ရှိန်မြှင့်တင်ရေးရည်ရွယ်ပြီး သုတ၊ ရသစာအုပ်များကို တစ်ပတ်ငှားစနစ်ဖြင့် ငှားရမ်းပေးခဲ့သည်။
အဆိုပါမိုဘိုင်းစနစ်ဖြင့် စာအုပ်၊စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင်စာအုပ်၊စာစောင်အသစ်များဖြင့်အပတ်စဉ်လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment