MNP ၊ ဇူလိုင် ၁၅
သထုံခရိုင်၊ ဘီးလင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အ-ထ-က (ကန်သာယာ)ကျောင်း မဟော်သဓာခန်းမ၌ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အ-ထ-က (ကန်သာယာ) ကျောင်းအုပ်ဆရာကြီး ဦးဝင်းသူ က အဖွင့် အမှာစကား ပြောကြားပြီး၊ ဘီးလင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးငြိမ်းစံက သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်တတ်သော ရေ ဘေး ၊မီးဘေး၊ မုန်တိုင်းဘေးနှင့်မြေပြိုကျခြင်း အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဝင်းက ကလေးသူငယ်အခွင့်အရေး ဆိုင်ရာများနှင့်ပတ်သက်၍လည်းကောင်း ဟောပြောခြင်းနှင့် power pointများဖြင့် ပြသ ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ၊ကျောင်းသူများအား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ ကြောင်းသိရသည်။
သတင်း - ထူးနောင် (ဘီးလင်း)
https://t.me/MyanmarNationalPost



No comments:
Post a Comment