MNP ၊ ဇူလိုင် ၁၅
ယနေ့ ဇူလိုင် ၁၅ရက် မွန်းလွဲပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ KBZ စက်မှုပန်းခြံလမ်းဘဏ်ခွဲမှ ငွေကျပ်သိန်း ၁၈၀၀ အား PDF အကြမ်းဖက်အဖွဲ့က ဓားပြတိုက်လုယက်သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ ဇူလိုင် ၁၅ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးပြည်ကြီးတံခွန်မြိုနယ်၊(ဇ)ရပ်ကွက်၊၁၃၃×၁၃၄လမ်းကြား၊ ၇၈လမ်းရန်ကုန်-မန္တလေးလမ်းဟောင်းအရှေ့ဘက်ရှိ KBZ စက်မှုပန်းခြံဘဏ်ခွဲ၊ အမှတ်(၄၂)ဘဏ်ခွဲသို့ ဆိုင်ကယ်နှစ်စီးဖြင့် PDF အကြမ်းဖက်သမားနှစ်ဦး ရောက်ရှိလာပြီး သေနတ်ဖြင့်ချိန်ကာ "အားလုံးမှောက်နေ"ဟု ပြောဆိုကာ ဘဏ်စားပွဲပေါ်ရှိ ငွေသားသိန်း ၁၈၀၀ အား ယူဆောင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဘဏ်သုံး ကွန်ပျူတာ နှစ်လုံး အား ဖိုက်ဘာအရိုး၂ပေခန့်ပါသောပုဆိန်ဖြင့်ရိုက်ထုခဲ့ပြီးကွန်ကျူးပိုက်ဖြင့်ပြုလုပ်ထားသော လက်လုပ်မိုင်းတစ်လုံးအား မှန်ကောင်တာပေါ်သို တင်ကာ ထွက်ပြေးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှ ကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးပူးပေါင်းအဖွဲ့က ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment