MNP ၊ ဇူလိုင် ၁၅
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ပေါက်တောမြို့နယ်ရှိ သက်ကြီးဆရာတော်ကြီးများကို ပင့်ဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ယနေ့ နံနက် (၉)နာရီက ပြုလုပ်သည်။
ရှေ့ဦးစွာ သက်တော် (၉၅)နှစ်ရှိ ကန်ချောင်းဆရာတော်ဘုရားထံမှ လူပရိတ်သတ်များက ငါးပါးသီလခံယူ ကြကာ ဆရာတော်ကြီးများက မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကိုရွတ်ဖတ်ပူဇော်ကြသည်။
ထိုနောက် ပေါက်တောမြို့နယ် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းကာ လှူဖွယ်ပစ္စည်း အစုစုတို့ကိုဆက်ကပ်ခြင်း၊ မွန်းတည်းဆွမ်း ဆက်ကပ်လှူဒါန်း ကြပြီး ရေစက်သွန်းချအမျှပေးဝေကြသည်။ ကြွရောက်လာကြသော ဆရာတော်ကြီး ငါးပါးနှင့် မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော် (၁)ပါး စုစုပေါင်း(၇)ပါးတို့အား (၁)ပါးလျင် ဝါဆိုသင်္ကန်းနှင့် ပဲဆီတစ်ပိသာ၊ ပေါ်ဆန်မွှေးဆန် (၁)အိပ်၊ ဆေး များအပါအဝင် အလှူငွေများကိုဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment